Tuesday, May 19, 2020

Voltage drop တွက်နည်း

(1.5 hp နဲ့ sample တွက်ပြထားတာပါ)
Vdrop = I R Cos φ L
P = 1.5 hp
I = 6.08 A
R = 11 M ohm (Cable size မူတည်၍ IEE table ဖြင့် follow လုပ်ရန်)
L = 19 meter

I R Cos φ L = ?
6.08 x 7.41 x 10 power -3 x 0.8 x 19 = 0.64 v = 1.0v

နောက်တစ်နည်း

Vရဲ့ ပုံမှန်ပုံသေနည်း(Ohm's law) V=IR နဲ့ပဲတွက်ချက်မှာပါ။ဒီလိုမှတ်ထားတော့ ပုံသေနည်းကိုရှည်ရှည်ဝေးဝေးမှတ်စရာမလိုပာဘူး။ပုံသေနည်းကိုစာနဲ့ရေးကြည့်ပါ။ပြီးတော့1မီတာမှာခုခံနိုင်တဲ့ အား Ohmကိုရင် ရတဲ့Ohmကို Wire ကြိုးသွားမယ့်အလျားနဲ့မြောက်လိုက်ရုံပါပဲ။

For Single Phase

I (Ampere)က သုံးမယ့်Cableမှာစီးဆင်းမယ့်Current အတိုင်းထည့်လိုက်ပါမယ်။R နေရာမှာတော့ Resistance တန်ဖိုး၊Voltage dropကိုတွက်နေတာဆိုတော့ ဒီ Wire or Cable မှာပဲရှိတဲ့ ampedence, resistance တမျိုးမျိုးပေါ့။အထက်ကပြောခဲ့သလို 1မီတာမှာရှိတဲ့ Wireရဲ့ ခုခံနိုင်အား၊ဘယ်ကရမလဲဆိုတော့ဇယားမှာ(သို့မဟုတ်)Specificationမှာကြည့်ပါမယ်။ရတဲ့တန်ဖိုးက1မီတာ အတွက်တန်ဖိုးဖြစ်လို့ Wire ရဲ့ အလျားမီတာကိုထပ်မြောက်ပါမယ်။ပြီးတော့ Wire ကြိုးကနှစ်ကြိုးဖြစ်လို့ 2နဲ့ ထပ်မြောက်ပါမယ်။ဒါဆိုရင် 1Phase အတွက် ပုံသေနည်းရပါပြီ။

Example(1).
(Single Phase)2.5mm² wire ကို I= 18A နဲ့ အလျား30m,ဝေးတဲ့နေရာမှ load တခုကို ပေးရင် Voltage dropဘယ်လောက်ရှိမှာလဲတွက်ပြထားပါတယ်။
VD(Single Phase)= (2 x I x R x L )/1000 =?
(2x 18 x 7.41 x 30) /1000=8.002 V ရပါတယ်။

For Three Phase

I (Ampere)က Cableမှာစီးဆင်းမယ့်Current အတိုင်းထည့်မယ်။R နေရာမှာတော့ Resistance တန်ဖိုး၊Voltage dropကိုတွက်နေတာဆိုတော့ ဒီ Wire or Cable မှာပဲရှိတဲ့ ampedence, resistance တမျိုးမျိုးပေါ့။အထက်ကပြောခဲ့သလို 1မီတာမှာရှိတဲ့ Wireရဲ့ ခုခံနိုင်အား၊ဘယ်ကရမလဲဆိုတော့ဇယားမှာ(သို့မဟုတ်)Specificationမှာကြည့်ပါမယ်။ရတဲ့တန်ဖိုးက1မီတာ အတွက်တန်ဖိုးဖြစ်လို့ Wire ရဲ့ အလျားမီတာကိုပါထပ်မြောက်ပါမယ်။ပြီးတော့ Wire ကြိုး က 3Phase မှာ ဆိုရင် သုံးကြိုးက မျှထမ်းရတာဆိုတော့Square root of 3=1.73နဲပါထပ့်မြောက်ပါမယ်။

Voltage drop(Three Phase)= (1.73 x I x R x L )/1000=?
(1.73x 18 x 7.41 x 30) /1000=6.922 V ရပါတယ်။

No comments:

Post a Comment